Loading...

ဗစ်တိုးရီးယား အမှု ပြီးခဲ့တဲ့ ရုံးချိန်းတွေ မှာဘာဖြစ်ခဲ့လဲ - BBC News မြန်မာ

ဗစ်တိုးရီးယားရဲ့ မိခင် ထွက်ဆိုအပြီး ထူးခြားချက်များ

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် သုံးနှစ် အရွယ် မိန်းကလေးငယ် လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရမှု အတွက် သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ထပ် တရားရုံးချိန်း တစ်ခုကို နေပြည်တော် မှာ ဆက်လက် စစ်ဆေး ကြဖို့ ရှိနေပါတယ်။

ဗစ်တိုးရီးယား လို့ လူသိများတဲ့ ဒီအမှုမှာ သံသယ တရားခံ အဖြစ် ကျောင်းအုပ်ချုပ်ရေးမှူး ရဲ့ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို ရဲဘက်က တရားရုံးတင် အမှုဖွင့်ထားပါတယ်။

ဒီအမှုရဲ့ ပြီးခဲ့တဲ့ ရုံးချိန်း ၂ ချိန်းမှာတော့ ကာယကံရှင် ကလေးရဲ့ မိခင် ဖြစ်သူ က ရုံးတော် မှာ တရားလို အဖြစ် အစစ်ဆေးခံခဲ့ပြီး သံသယ တရားခံ ဘက်က ရှေ့နေကလည်း မိခင်ကို ပြန်လှန် မေးခွန်းထုတ်ခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက် ရုံးချိန်းမှာတော့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သက်သေ အဖြစ် ထွက်ဆိုဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတွေက အခြေအနေတွေ အပေါ် မိသားစုဘက်က ဘယ်လို သဘော ထားရှိလဲ ဆိုတာ သိနိုင်အောင် ကာယကံရှင် မိသားစု ဘေးမှာ အနီးကပ် ရှိနေတဲ့ မိတ်ဆွေ ဆရာဝန် ဒေါက်တာ ဝင်းကိုကိုသိန်ကို မိသားစုရဲ့ သဘောတူ ခွင့်ပြုချက်နဲ့အတူ ဘီဘီစီက တွေ့ဆုံ မေးမြန်းထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဗစ်တိုးရီးယား #WisdomHill #နေပြည်တော် #သက်ငယ်မုဒိမ်း #မူကြိုကျောင်း

Loading...
Related Videos
Keyword most popular